Nga Htat Gyi Pagoda ငါးထပ်ကြီးဘုရား

-
https://2vfinx3dr03gflz3227fpf2152k-wpengine.netdna-ssl.com/wp-content/uploads/2013/11/13112013-10-654x435.jpg
-
https://2vfinx3dr03gflz3227fpf2152k-wpengine.netdna-ssl.com/wp-content/uploads/2013/11/13112013-13-654x435.jpg
-
https://2vfinx3dr03gflz3227fpf2152k-wpengine.netdna-ssl.com/wp-content/uploads/2013/11/13112013-12-654x435.jpg
-
https://2vfinx3dr03gflz3227fpf2152k-wpengine.netdna-ssl.com/wp-content/uploads/2013/11/13112013-09-654x435.jpg
-
https://2vfinx3dr03gflz3227fpf2152k-wpengine.netdna-ssl.com/wp-content/uploads/2013/11/13112013-11-654x435.jpg
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းမှာပဲ ခြောက်ထပ်ကြီးဘုရားနဲ့ မျက်စောင်းထိုုးမှာ တည်ရှိပါတယ်။ ငါးထပ်ကြီးဘုရား ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ဘွဲ့တော်မှာ “မဟာသကျ အတုလမာရ်အောင်” ဘွဲ့တော်ဖြစ်ပါတယ်။
စစ်ကိုင်းမြို့က ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးရဲ့ ဒါယကာ သာလွန်မင်းတရားကြီးရဲ့ သားတော်ဖြစ်တဲ့ မင်းရဲနန္ဒမိတ် တည်ထားကိုးကွယ်ခဲ့တဲ့ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား ရုပ်ပွားတော်ကြီးရဲ့ပုံတော်ကို မှီငြမ်းပြုပြီး ဘုရားဒါယကာကြီး ဦးဘိုးအောင်က ပန်းရံဆရာကြီး ဆရာဥာဏ်ကို ခေါ်ဆောင်၍ စစ်ကိုင်းမြို့သို့ သွားရောက်ကာ ကြည့်ရှုလေ့လာပြီး ရန်ကုန်မြို့ မိမိဆရာတော်ကြီး ဦးအာသဘရဲ့ အရာမ်အရှေ့တောရ တောအုပ်ကြီးအတွင်းမှာ ၁၂၆၂ ခုနှစ်က စ၍ တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။
ရှေးအခါက ရုပ်တုတော်များ ကြီးကြီးမားမား ပြုလုပ်ကိုးကွယ်ကြတာမှာ မန္တလေးမြို့ကျောက်တော်ကြီးနဲ့ စစ်ကိုင်းငါးထပ်ကြီး ရုပ်တုတော်တို့သာ ကြီးမားပါတယ်။ မန္တလေးမြို့ ကျောက်တော်ကြီးရုပ်တုဟာ သဘာ၀ကျောက်သားနဲ့ ပြုလုပ်ပြီး စစ်ကိုင်းငါးထပ်ကြီးရုပ်တုုတော်က အင်္ဂတေနဲ့ပြုလုပ်ထားတဲ့ ရုပ်တုုတော်ကြီးဖြစ်ပါတယ်။
ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား ရုပ်တုုတော်ဟာ အင်္ဂတေနှင့်ပြုလုပ်ထားသော ရုပ်တုတော်တို့တွင် မြန်မာပြည်အောက်ပိုင်းမှာ ပထမအကြီးဆုံး ရုပ်တုတော်ကြီးဖြစ်ပါတယ်။ ထိုခေတ်ထိုအခါက မြန်မာပြည်တစ်ပြည်လုံးမှာ အင်္ဂတေနဲ့ပြုလုပ်တဲ့ ရုပ်တုတော်တို့တွင် စစ်ကိုင်းငါးထပ်ကြီး ဘုရားရုပ်တုတော်သည် ပထမဖြစ်ပြီး ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား ရုပ်တုတော်က ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ ငါးထပ်ကြီးဘုရား သီတင်းသုံးရာ မူလပထမ ဂန္ဓကုဋီ ကျောင်းတော်ကြီးမှာ ဘုံငါးဆင့်ရှိတဲ့အတွက် ငါးထပ်ကြီးဘုရားလို့ ခေါ်တွင်တာဖြစ်ပါတယ်။
ငါးထပ်ကြီးဘုရား မူလပထမ ဂန္ဓကုဋီကျောင်းတော်ကြီးနဲ့ တန်ဆောင်းတော်ကြီးတွေဟာ နှစ်ကာလ ပရိစေၦဒ ကြာမြင့်လာတဲ့အခါ ဟောင်းနွမ်းယိုယွင်း ပျက်စီးစပြုလာပြီဖြစ်တဲ့အတွက် ဂန္ဓကုဋီသံစေတီတော်ကြီးကို သာသနာ သက္ကရာဇ် ၂၅၀၇ ခုနှစ်၊ ၁၃၂၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၁) ရက်၊ တနင်္ဂနွေနေ့ (၂၇.၁၀.၆၃) နေ့ နံနက် (၆) နာရီ အချိန်မှာ အုတ်မြစ်ချ တည်ဆောက်ခဲ့ပါတယ်။ ဂန္ဓကုဋီသံစေတီ အဆောက်အအုံကြီးရဲ့ အကျယ်အ၀န်းမှာ အရှေ့အနောက် (၂၂၇) ပေ၊ တောင်မြောက် (၁၇၂) ပေခွဲ ရှိပါတယ်။
တဖန် ငါးထပ်ကြီးဘုရားရုပ်ပွားတော်ကြီးဟာ ကြီးမားလှတဲ့အတွက် ပလ္လင်တော်မရှိဘဲ တစ်ပေမျှလောက်သော ဓမ္မခမ်ပေါ်မှာ သီတင်းသုံးနေရတာကို ကြည်ညိုဖွယ်တစ်သွယ်၊ ရှုချင့်စဖွယ်တစ်ခန်း ဖြစ်စေဖို့ ဒါယကာတွေရဲ့ လှူဒါန်းမှုနဲ့ ကြာပလ္လင်တော်နဲ့ ရေကန်ကြီးကို ပြုလုပ်ပူဇော်ခဲ့ပါတယ်။
ငါးထပ်ကြီးဘုရား ရုပ်တုတော်ကြီးရဲ့ မကိုဋ်တော်ထိပ်တွင် တပ်ဆင်ထားသော စိန်ဖူးတော်မှာ ရွှေချိန် ၂၂ ကျပ်သား ၁၃ ပဲ ၁ ရွေးသားတို့ဖြင့် ကြိုးသွယ်သိုင်းကွပ်လျှက် လက်မလက်သဲကွင်းမျှရှိသော ၁၄ ကာရက် ပတ္တမြား တာပတာလုံးကြီးကို ရွှေကြိုးများဖြင့် သွယ်တန်းလျှက် ပတ္တမြားလုံးရေ ၇၇၄ ပွင့်တို့ဖြင့် ခြယ်လှယ် တန်ဆာဆင်ထားတယ်လို့ သိရပါတယ်။
ငါးထပ်ကြီးမြတ်စွာဘုရားရဲ့ ဥာဏ်တော်အတိုင်းအထွာ အချို့မှာ ကြာပလ္လင်မှ မကိုဋ်တော်ဖျားအထိ (၁၁၈) မိုက် (၅၉ ပေ) ရောင်တော်လုံးပတ် (၁၃) တောင် (၁၉ ပေ)၊ မဏိတော်အ၀န်း (၂၁) တောင် (၃၁ ပေ) ၊ လက်ယာပခုံးတော်မှ လက်၀ဲတော်ပုခုံးအထိ (၁၆) တောင် (၂၄ ပေ)၊ ခါးတော်လုံးပတ် (၂၁) တောင် (၃၁ ပေ)၊ ဒူးစွန်းနှစ်ဖက် (၂၄၅) တောင် (၁၂ ပေ) ရှိကြောင်း သိရပါတယ်။
ငါးထပ်ကြီးဘုရားမှာ အမြင့်ရှစ်တောင်၊ လုံးပတ် ဆယ်တောင်တစ်မိုက်၊ အချင်းလေးထောင်လေးသစ်၊ ကြေးချိန်ငါးထောင်ရှိတဲ့ ခေါင်းလောင်းကြီးကိုလည်း ဘုရားကြီးတည်ဆောက်ပြီး (၆) နှစ် အကြာ ကောဇာသက္ကရာဇ် (၁၂၆၆) ခုနှစ်တွင် သွန်းလုပ်ခဲ့ပြီး မြန်မာမှု ပန်းတဉ်းလက်ရာမြောက်လှတာကို တွေ့နိုင်ပါတယ်။
ငါးထပ်ကြီးမြတ်စွာဘုရားဟာ ယခင်ကတည်းက တည်နေရာအနေအထားအရ အတွင်းသို့ အနည်းငယ်၀င်ရခြင်း၊ လမ်းကန့်သတ်ချက်ကြောင့် အရွယ်မရွေးယာဉ်များ၀င်ရန် ခက်ခဲခြင်းတို့ကြောင့် လူအ၀င်အထွက် နည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် နိုင်ငံတော်မှ ဘက်စုံပြုပြင်မွမ်းမံခဲ့သဖြင့် ခြငေ်္သ့မုခ်ဦးကြီးနှင့် ခြေလျင်တက်ရောက်နိုင်သော စောင်းတန်းကြီးနှင့် တန်ဆောင်းတော်ကြီးခြေရင်းအထိ ယာဉ်အရွယ်မရွေး ၀င်ထွက်သွားလာနိုင်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် တန်ဆောင်းတော်ကြီးအတွင်းက မဟာသကျ အတုလမာရ်အောင် ရုပ်ပွားတော်ကြီးကို မဏ္ဏိုင်ထား၍ တန်ဆောင်းတော်ကြီး တစ်ပတ်ပြည့်မျှ ဗုဒ္ဓသန္တက၊ ဗုဒ္ဓပြကွင်းပြကွက်များကို တ၀ကြီး ဖူးမျှော်ကြည်ညိုနိုင် ကြပါတယ်။

The City Guide Team
A Happy City Guide
City Guide features information of all necessities in Myanmar as well as online marketplace for buying and selling cars, property, ticketing and so on. Plus, we offer FREE Listings of businesses or stuffs to sell on our site.
No reviews for Nga Htat Gyi Pagoda yet. Be the first to leave one!
You must be logged in to submit reviews. Login Here →
Contact Listing:
Do You Own This Business?
Advertisement
- Sign Up
- Log In