Menu Filter

Reclining Buddha ခြောက်ထပ်ကြီးရွှေသာလျောင်း ရုပ်ရှင်တော်မြတ်

Reclining Buddha

Bahan, Yangon

Tags: Reclining Buddha

ရန်ကုန်တိုင်းသေဒကြီး၊ ဗဟန်းမြို့နယ်၊ တာမွေအ၀ိုင်း (ယခင်အခေါ်) တာမွေမီးပွိုင့်မှ ဘတ်စ်ကားမှတ်တိုင် တစ်မှတ်တိုင်ခန့်အကွာ ရွှေဂုံတိုင်လမ်းမကြီးပေါ်မှာ ရှိတဲ့ ခြောက်ထပ်ကြီးရွှေသာလျောင်း ရုပ်ရှင်တော်မြတ်ကြီးကို ဒီတစ်ခါဘုရားဖူးတွေအတွက် လမ်းညွှန်ပေးချင်ပါတယ်။
ခြောက်ထပ်ကြီးရွှေသာလျောင်း ရုပ်ရှင်တော်မြတ်ကြီးရဲ့ ဘုရားဒါယကာကတော့ အင်္ဂလိပ်အစိုးရရဲ့ ဆာဘွဲ့ချီးမြှင့်ခံခဲ့ရတဲ့ “ဆာဦးဘိုးသာ” ဖြစ်ပါတယ်။ ၁၉၀၇ ခုနှစ်က တည်ထားကိုးကွယ်ခဲ့တဲ့ လျောင်းတော်မူ ရုပ်ပွားတော်ကြီးဟာ ရောင်လျှံတော်မှ ခြေဖ၀ါးတော်အထိ အလျား ၂၁၆ ပေ (၆၅ ဒဿမ ၈၃ မီတာ)၊ ရောင်လျှံတော်မှ ပလ္လင်တော်အထိ အမြင့် ၅၈ ပေ (၁၇ ဒဿမ ၆၇ မီတာ) ရှိပါတယ်။ ပလ္လင်တော်ရဲ့အလျားဟာ ၂၃၀ ပေ (၇၀ ဒဿမ ၁၀ မီတာ) ရှည်ပြီး ပလ္လင်တော်အကျယ်ကတော့ ၅၀ ပေ (၁၅ ဒဿမ ၂၅ မီတာ) ရှိကာ ပလ္လင်တော်အမြင့်က ၅ ပေ (၁ ဒဿမ ၅၂ မီတာ) မြင့်ပါတယ်။
လျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြင်ရတာဟာ လွန်စွာကြည်ညိုဖွယ် သပ္ပါယ်တော်မူလှပါတယ်။ အချိုးအစားကျန ပြေပြစ်လှတဲ့ လျောင်းတော်မူ ရုပ်ပွားတော်ကြီး တစ်ဆူဖြစ်ပါတယ်။ ရုပ်ရှင်တော်မြတ်ဆိုတဲ့အတိုင်း ဖူးမြင်ရတာ အသက်၀င်နေသလိုပါပဲ။ ကိုယ်တိုင်သွားရောက်ဖူးတွေ့မှ ဒီခံစားချက်ကိုသိရမှာပါ။ အာရုံခံတန်ဆောင်းတော်ကြီးဟာ မြင့်မားပြီး ကျယ်၀န်းတဲ့အတွက် အေးမြနေပါတယ်။ နိုင်ငံခြားခရီးသွား အများအပြားလည်း အုပ်စုလိုက်လာရောက် ဖူးမျှော်ကြတာ တွေ့ရပါတယ်။
ခြောက်ထပ်ကြီးရွှေသာလျောင်း ရုပ်ရှင်တော်မြတ်ကြီးရဲ့ ဘုရားဒါယကာ ဆာဦးဘိုးသာရဲ့ရုပ်ထုကို ဘုရားကြီးအရှေ့ အာရုံခံတန်ဆောင်းအတွင်းမှာပဲ ထုလုပ်ပြသထားတာ တွေ့နိုင်ပါတယ်။ ဆာဘိုးသာဟာ ခြောက်ထပ်ကြီး ဘုရားကြီး ကျောင်းတိုက်ကြီးရဲ့ ကျောင်းဒါယကာတစ်ယောက်လည်း ဖြစ်ပြီးတော့ ယင်းကျောင်းတိုက်ဆရာတော်နဲ့အတူ ဘုရားကြီးကိုတည်ခဲ့တာလို့ သိရပါတယ်။
ဘွဲ့အမည်တော် သီးခြားမရှိဟုသိရပြီး ခြောက်ထပ်ကြီး ရွှေသာလျောင်းရုပ်ရှင်တော်မြတ် တစ်နည်းအားဖြင့် ခြောက်ထပ်ကြီး ဘုရားဟာလည်း ရန်ကုန်မြို့မှာ ဖူးမျှော်စရာ ဘုရားတစ်ဆူအဖြစ် ရည်ညွှန်းလိုက်ရပါတယ်။

The City Guide Team

A Happy City Guide

City Guide features information of all necessities in Myanmar as well as online marketplace for buying and selling cars, property, ticketing and so on. Plus, we offer FREE Listings of businesses or stuffs to sell on our site.

No reviews for Reclining Buddha yet. Be the first to leave one!

You must be logged in to submit reviews.   Login Here →